Main menu

မြိတ်မြို့သို့ စားအုန်းဆီများရောက်ရှိ

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ရောင်းချပေးသော စားအုန်းဆီ ၄၆ ပေပါ (သို့) ပိဿာ ၅၀၆၀ သည် ရန်ကုန်မြို့မှ 8I-9035 မော်တော်ယာဥ်ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ အန်တီဝင်းကုန်စည်ပို့ဆောင်ရေးသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ရာ ရည်ညွှန်း‌စျေးအား သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။   

DOCA(တနင်္သာရီ)