Main menu

ပေါင်မြို့နယ်၌ သက်သာသော ဈေးနှုန်းဖြင့်ဆန်ရောင်းချခြင်း

Powered by Drupal

    ၁.၇.၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ မီးသတ်ရုံအရှေ့နှင့် သထုံမြို့၊ လိပ်အင်းရပ်ကွက်တွင် ဆန်စပါးလုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဇင်းကျိုက်မြို့၊ မီးသတ်ရုံအရှေ့တွင် လူတစ်ဦးလျှင် (၂) ပြည်နှုန်းဖြင့် ပေါ်ဆန်း (၁) ပြည် (၅၀၀၀) ကျပ်၊ ဧည့်မထ (၁) ပြည်လျှင် (၃၀၀၀) ကျပ်ဖြင့် အိမ်ထောင်စု (၅၀၀)နှင့် သထုံမြို့၊ လိပ်အင်းရပ်ကွက်တွင် ဧည့်မထဆန် (၁၀ မှတ်) တစ်ပြည်လျှင် (၃၀၀၀) ကျပ်ဖြင့် လူတစ်ဦး လျှင် (၂) ပြည်နှုန်းဖြင့် ရောင်းချခဲ့ရာ ပြည်သူလူထု (၅၀၀) ဦးအား ရောင်းချပေးခဲ့ရာ ဇင်းကျိုက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါသည်။

     ထိုကဲ့သို့ ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်းအား ပေါင်မြို့နယ် ဇင်းကျိုက်မြို့၊ မီးသတ်ရုံအရှေ့နှင့် သထုံမြို့၊ လိပ်အင်းရပ်ကွက်တွင် ကျေးရွာများကို ဆက်လက်ရောင်းချပေးမည့်အကြောင်း ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် ဆန်ကုန်သည်အသင်းတို့ထံမှ သိရှိရပါသည်။

DOCA(မွန်)