Main menu

မုဒုံမြို့တွင် ဆန်ဆိုင်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၂၈-၆-၂၀၂၄ ရက်နေ့ မုဒုံမြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဖြူးရောင်းချနေသည့် ဆန်ဆိုင်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်ဆန်နှင့်ဆန်စက်အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်း၊ မုဒုံမြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(စုံစမ်းရေး)ဦးခင်ဗိုလ်၊ မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝင်းလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဦးညီလွင်အေး၊ မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး ဦးဝင်းညွန့်၊ မုဒုံမြို့မရဲစခန်းမှ ဒုရဲအုပ် သူရထွန်းနှင့် တာဝန်ရှိများ ပူးပေါင်း၍ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်ရှိ စိန်မေတ္တာ ဆန်ဆိုင်အပါအဝင် ဆန်ဆိုင်(၇)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   အဆိုပါဆိုင်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ကုန်စည်ဒိုင်များ၊ ဆန်စပါးကုမ္ပဏီများမှ ချမှတ်ထားသည့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသောရည်ညွှန်းစျေးနှုန်းဖြစ်သည့် ဧည့်မထဆန် (၁)ပြည်လျှင် ၃၀၀ဝိ/-နှုန်းဖြင့် ရောင်းချပေးရန် ဆိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)