စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် ပူးပေါင်း၍ (၁.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆိုင်ရာ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေရည်ရွယ်ချက်ပါ အကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ အသေးစိတ်ရှင်းလင်းခဲ့ပြီး၊ ဒုတိယဦးစီးမှူး ဒေါ်တင်မာရီက ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင် ဦးမောင်မောင်ဝင်းက ကြက်ခြေနီ အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ခွေးရူးကိုက်ခံ ရလျှင် ရောဂါဖြစ်မှုကို ကာကွယ်ရန်အတွက် ရှေးဦးသူနာပြုစုပုံ အဆင့်ဆင့်နှင့် မိုင်းအန္တရာယ်ကာကွယ် ရန်အတွက် ကိုင်တွယ်ပုံနည်းလမ်း အဆင့်ဆင့်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး မြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် အသိပညာပေးဟောပြောပွဲအား တက်ရောက်ခဲ့သည့် ပြည်သူ(၂၂)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)