Main menu

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့ ၊ နံနက် (၀၉း၃၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်း များသည် မိတ်ဖက်ဌာနများဖြစ်ကြသော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါး များနှင့် Online ပေါ်မှတဆင့် ဖြန့်ချိရောင်းချနေသော တရားမဝင်ဆေးဝါးများရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)