Main menu

ညောင်တုန်းမြို့တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သက်သာသောဈေးဖြင့် ဆန်ရောင်းချ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ညောင်တုန်း ဆန်စက်လုပ်ငန်းရှင်များအသင်း စီစဉ်မှုဖြင့် ပြည်သူများကို သက်သာသောဈေးဖြင့် ဆန်ရောင်းချပေးခြင်းလုပ်ငန်းကို ဇူလိုင် (၂) ရက်နေ့၊ နံနက်ပိုင်းက အမှတ်-၃ရပ်ကွက်၊ ၂၁လမ်းတွင် ဆောင်ရွက်ခဲ့ပါသည်။

     ညောင်တုန်း ဆန်စက်လုပ်ငန်းရှင်အသင်းမှ ညောင်တုန်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အခြေခံစားသောက်ရန် လိုအပ်ချက်တစ်ခုဖြစ်သော အဓိကစားသုံးရန် လိုအပ်သည့် ဆန်များကို လိုသလောက် ဝယ်ယူနိုင်ရန် နေ့စဉ် ရောင်းချပေးလျက်ရှိသည်။

    ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ညောင်တုန်းဒေသခံပြည်သူများကို (၂.၇.၂၀၂၄) ရက်နေ့မှ ယနေ့အထိ သက်သာသောဈေးနှုန်းဖြင့် ဧည့်မထအမျိုးအစား ဆန်(၂၄)အိတ်အား တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ညောင်တုန်းမြို့နယ်တွင်ရှိသော ဆန်စက် (၄၄)လုံးမှ လုပ်ငန်းရှင်များက  ပြည်သူများအဆင်ပြေစွာ  လိုသလောက် ဝယ်ယူနိုင်ရေးအတွက် နေ့စဉ် စီစဉ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)