Main menu

ဒေးဒရဲမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး Talk Show အစီအစဉ်ပြုလုပ်ခြင်း

Powered by Drupal

     ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့  ပူးပေါင်းကျင်းပသည့် Talk Show အစီအစဉ်ကို (၂-၇-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင်   ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ Talk Show အစီအစဉ်တွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဦးသိန်းမောင်မှ စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူက  တောင်းဆိုနိုင်သည့်အခွင့်အရေးများ ၊ မည့်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားလိုက် သတ်မှတ်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြ ဖော်ပြရမည့်အချက်များ၊ မိမိတို့ဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသည့် အရည်အသွေးမီကုန်စည်များကိုသာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊စားသုံးသူများ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက လူကိုယ်တိုင်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံးသို့  သက်သေခံ အထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်းနှင့် Call Center  1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဟောပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)