Main menu

ပခုက္ကူမြို့တွင် ဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာရောင်းချနိုင်ရေးနှင့် MyRO စနစ်တွင် ဆန်သိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကျင်းပ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒုတိယခရိုင် ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ဦးစီးမှူး ဒေါ်စန်းမြင့်ရီနှင့် ဝန်ထမ်းများသည် (၂၈.၆.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:ဝဝ) အချိန်တွင် ပခုက္ကူမြို့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမတွင် ဆန်စက်များ၊ စပါး/ဆန်ရောင်းချမည့် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင် ကျင်းပပြုလုပ်သည့် ပြည်တွင်းစားသုံးဆန်များ သင့်တင့်မျှတသောဈေး ဖြင့် ရောင်းချနိုင်ရေးအတွက် လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပြည်တွင်းစားဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာ တည်ငြိမ်မှန်ကန်ရေးနှင့် MyRO စနစ်တွင် သိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ရေး ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း (၃)ဦး၊ ဆန်စက်လုပ်ငန်းရှင်များနှင့် စပါး/ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင် (၅၃)ဦး၊ စုစုပေါင်း(၅၆)ဦး တက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး အစည်း အဝေးကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြည်တွင်းစားဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေး၊ သင့်တင့် မျှတသောဈေးဖြင့် ရောင်းချနိုင်ရေး၊ Myamar Rice Oline (MyRO)စနစ်ဖြင့် သိုလှောင်ရုံ မှတ်ပုံတင်ရေး၊ ပေါ်ဆန်းမွှေး၊ ဧည့်မထနှင့် အခြားအများသုံးဆန်များ သတ်မှတ်ဈေးဖြင့် ရောင်းချနိုင်ရေး၊ ရောင်းချ ရာတွင် ဆန်အမျိုးအစားနှင့် ဈေးနှုန်းများကို ဗွီနိုင်းများဖြင့် ပြုလုပ်ပြီး ပြည်သူများ သိသာမြင်သာအောင် ရောင်းချနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် ဦးစီးမှူး ဒေါ်စန်းမြင့်ရီက ဆန်သို လှောင်ရုံ မှတ်ပုံတင်လုပ်ဆောင်ပုံအဆင့်ဆင့် စသည့်အချက်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာ သည့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည် ရှင်းလင်းဖြေကြားခြင်းများပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို ညနေ(၁၆:ဝဝ)နာရီအချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(မကွေး)