Main menu

ဆန်စက်နှင့်ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၃.၇.၂၀၂၄ ရက်နေ့တွင် ဗန်းမော်ခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဗန်းမော်မြို့အတွင်းရှိ ဆန်ဆိုင်များနှင့် ဆန်စက်များသို့ သွားရောက်၍ ဗန်းမော်မြို့အတွင်း ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ဆန်ဆိုင်ကြီးများတွင် ရွှေဘိုပေါ်ဆန်းမွှေး၊ မဂျမ်းတော၊ ဆင်းဧကရီ (၃)၊ ဧရာပဒေသာ၊ လုံးသွယ်မွှေး၊ မနောသုခ စသောဆန်အမျိုးအစားများကို ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဆန်လက်ကျန်အခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဆန်သိုလှောင်ထားရှိမှုတို့ကိုမေးမြန်းခဲ့ပြီး၊ ဈေးနှုန်းမြင့်တင်ရောင်ချရန်အတွက် ဆန်များအား သိုလှောင်ထား ခြင်းမပြုရန်၊ ဆန်စက်ကြီးများတွင်ဆန်စပါးသိုလှောင်ထားရှိနိုင်မှု၊ တစ်ရက်ကြိတ်ခွဲနှုန်းထားများတို့ကို သွားရောက် မေးမြန်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)