Main menu

မြိတ်မြို့တွင် မြန်မာဆန်စပါးအွန်လိုင်း(MyRo)မှတ်ပုံတင်ခြင်း လုပ်ငန်းများ ပူးပေါင်းကူညီဆောင်ရွက်

Powered by Drupal

     ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၌ ခေတ္တခရိုင်ဦးစီးမှူးသည် မြန်မာဆန်စပါးအွန်လိုင်း (MyRo)မှတ်ပုံတင်ခြင်းအတွက် မြိတ်ခရိုင်အတွင်းရှိ ဆန်ကုန်သည်များ၊ ဆန်လုပ်ငန်းရှင်များအား ခေါ် ယူတွေ့ဆုံ၍ ကူညီဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်း စပါးဆန်စျေးနှုန်းစျေးကွက်တည်ငြိမ်စေရေး၊ စျေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် ဆန်စပါးသိုလှောင်ခြင်းလုပ်ငန်းများကို ထိန်းကျောင်းနိုင်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအား စနစ်တကျဆောင်ရွက်နိုင်စေရေးအတွက် လုပ်ငန်းတည်နေရာ ဆန်တန်ချိန်(၅၀)(၁၀၀၀အိတ်)နှင့် စပါးတင်း(၅၀၀၀)အထက်သိုလှောင်မှုပမာဏကို မှတ်ပုံတင်ရသည့် အစီအစဥ်များအား ရှင်းလင်းပြောကြား၍ မြန်မာဆန်စပါးအွန်လိုင်း(MyRo) မှတ်ပုံတင်ခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်၍ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)