မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၅.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ စက်သုံးဆီအ ရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီရောင်းချမှုအခြေအနေ၊ စက်သုံးဆီအချင်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ တနင်္သာရီတိုင်းဒေသကြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီမှ ထုတ်ပြန်ပေးထားသော သတ်မှတ်ရည်ညွှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီး စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြစ်သည့် (92 Ron- 3300, 95 Ron- 3410, HSD-3410, PHSD-3450)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် စက်သုံးဆီများ ရောင်း ချရာတွင် အချိန်အတွယ်မှန်ကန်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မြိတ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင် (၂) ဆိုင်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)