Main menu

ထားဝယ်မြို့ပေါ်ရှိ ဆန် လက်လီ/လက်ကား အရောင်းဆိုင်ကြီးများအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၅ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ရုံးချုပ်၊ နေပြည်တော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများအရ ဒေသတွင်း စားသုံးသူပြည်သူများ စားဆန်များအား သင့်တင့်မျှတသောစျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ထားဝယ် မြို့ပေါ်ရှိ ဆန် လက်လီ/လက်ကားရောင်းချသည့် ဆန်ဆိုင်ကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များဖြင့်ပူးပေါင်း၍  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒေသတွင်း ဆန်လက်လီ/လက်ကား အရောင်းဆိုင်ကြီးများတွင် ဆန်အမျိုးအစားအလိုက် ဒေသတွင်း သင့်တင့်မျှတသော ‌စျေးနှုန်းများဖြင့် ရောင်းချနေမှု များ၊ ဆန်လက်ကျန်အခြေအနေများ စျေးနှုန်းများ၊ ဝိသမလောဘများနှင့် စားဆန်များအား သိုလှောင်ထားရှိခြင်းများရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ဆန်ဆိုင်လုပ်ငန်းရှင်များ ဘက်မှလည်း စားဆန်စျေးနှုန်းများ ဆန်အမျိုးအစားအလိုက် ဒေသတွင်း သင့်တင့်မျှတစွာဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)