Main menu

ဘီးလင်းမြို့၊ မြင်သာရပ်ကွက် (အ.မ.က)မြင်သာကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၄.၇.၂၀၂၄ ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ မြင်သာရပ်ကွက်(အ.မ.က)မြင်သာကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လက်ရှိကာလတွင် ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များကို ဦးစွာပထမရှင်းလင်း၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါပြဌာန်းချက်များ ဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား‌ ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ သာလျှင် စိတ်ချယုံကြည်စွာရွေးချယ်ဝယ်ယူအသုံးပြု စားသုံးကြစေရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်မှုနည်းလမ်းများကို ဟောပြော ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ဦးနှင့် ဆရာ/ဆရာမ (၉)ဦး၊ ကျောင်းသား/ကျောင်းသူ (၇၉)ဦး တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)