Main menu

ကွန်ပျူတာအခြေခံအသုံးချမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ခြင်းနှင့် သင်တန်းဆင်းခြင်း အခမ်းအနား

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းတွင် ဇွန်လ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးဦးစီးမှူးအစီအစဉ်ဖြင့် “(၂၈.၃.၂၀၂၄) ရက်နေ့တွင် အသစ်ခန့်အပ်ထားသော အငယ်တန်းစာရေး (၁၅) ဦးအား “ကွန်ပျူတာ အခြေခံအသုံးချမှုသင်တန်း” စတင်ဖွင့်လှစ်ခဲ့ပါသည်။

    လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင် ရေးဆွဲထားရှိသည့် သင်တန်းများအနက် ဇွန်လအတွင်း ဖွင့်လှစ်မည့် “ကွန်ပျူတာ အခြေခံအသုံးချမှုသင်တန်း”ကို စားသုံးသူ ရေးရာဦးစီးဌာနရှိ ဝန်ထမ်းသစ်များ စွမ်းဆောင်ရည်မြင့်မားပြီး အချိန်နှင့်တစ်ပြေးညီ နည်းပညာများကို အလွယ်တကူလေ့လာ သင်ကြားနိုင်ရန်နှင့် ရုံးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ထမ်း ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

   အဆိုပါ သင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၃) ရက်နေ့အထိ နံနက် (၀၉:၃၀) နာရီမှ ညနေ (၁၆:၁၅) နာရီထိ သင်တန်းသား (၁၅) ဦးဖြင့် (၉) ရက်ကြာဖွင့်လှစ်ခဲ့ပြီး စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်သင်ကြားပြီးနောက် ဇူလိုင်လ (၄) ရက်နေ့တွင် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)