Main menu

Good Brothers Co., Ltd မှ တောင်သူများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဓါတ်မြေဩဇာရောင်းချပွဲ ပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး  ၊ ကျောင်းကုန်းမြို့နယ်ရှိ Good Brothers Co., Ltd မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသော တောင်သူများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဓါတ်မြေဩဇာ ရောင်းချပွဲအခမ်းအနားကို ဇူလိုင်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ၊ မြို့နယ်သမဝါယမဦးစီးမှူး ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဖိတ်ကြာထားသော ဧည့်သည်များနှင့် တောင်သူ (၁၀၀) ဦးခန့် တက်ရောက်လာခဲ့ပါသည်။

    အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးဝင်းထူးမှ အဖွင့်အမှာစကားပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးမှ စားသုံးသူရေးရာနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဌေးက စိုက်ပျိုးရေးဆိုင်ရာ အသိပညာဗဟုသုတများ ဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ Good Brothers Co., Ltd မှ ဒေါ်ဌေးဌေးရီက အခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဇူလိုင်လ (၄) ရက်နေ့ ညောင်တုန်းမြို့နယ်ရှိ တောင်သူများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဓါတ်မြေဩဇာရောင်းချခြင်း အခမ်းအနားများလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသော တောင်သူများကို ကံစမ်းမဲများဖောက်ပေးခဲ့ပြီး တောင်သူများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဓါတ်မြေဩဇာများ ရောင်းချပေးခဲ့ပါသည်။

DOCA(ဧရာဝတီ)