![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/10.6_1.jpg?itok=Rwq17FN-)
၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို (၇.၇.၂၀၂၄) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည်သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိ အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်နွေစပါးသည် ပန်းတိုင်အထွက်နှုန်းကိုရောက်ရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် မိုးစပါး တစ်ဧက ၁၀ တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး ဆောင်ရွက်လျက်ရှိပြီး မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ပျိုးပြီးစီးပါက တိုင်းဒေသကြီးတွင် ဆီထွက်သီးနှံ စိုက်ပျိုးရေးဇုန်နှစ်ခု အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲများကိုလည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တောင်သူများထံသို့ သွင်းအားစုများသတ်မှတ်ကာလအတွင်း အချိန်မီရောက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများကလည်း သွင်းအားစုများကို သတ်မှတ်နှုန်းထားအတိုင်း အပြည့်အဝထည့်သွင်းစိုက်ပျိုးရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံစုံ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ရည်မှန်းချက်ပြည့်ဝစေရန် အားလုံးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ တောင်သူများထံသို့ သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)