Main menu

အုတ်တွင်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေးဦးအောင်ဝင်းတို့သည် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ညောင် ခြေထောက်မြို့နှင့် ကျွဲပွဲမြို့များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေများ ရောင်းချနေမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင် ရွက်ပါသည်။

     အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့နှင့် ကျွဲပွဲမြို့များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ကြံ့နှစ်ကောင်(အနီ)အမှတ်တံဆိပ် ဘိလပ်မြေများနှင့် Alpha အမှတ်တံဆိပ် ဘိလပ်မြေများကိုသာ ရောင်းချရပြီး ကြံနှစ်ကောင်(အနီ)ကို လူကြိုက်များကြောင်း သိရပါသည်။

      ဈေးနှုန်းများအနေဖြင့် ကြံနှစ်ကောင်(အနီ) တစ်အိတ်လျှင် ၁၀၂၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်အထိရှိပြီး Alpha တစ်အိတ်လျှင် ၉၇၀၀ ကျပ်မှ ၉၈၀၀ ကျပ်အထိရှိကြောင်း၊ ၎င်းဈေးနှုန်းမှာ လတ်တလောအနေဖြင့် အတက်အကျမရှိသေးဘဲ တည်ငြိမ်နေကြောင်း၊ မိုးရာသီကာလဖြစ်၍ အရောင်းအဝယ်ပါးကြောင်း ဘိလပ်မြေအရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)