Main menu

သာယာဝတီမြို့ ဈေးရုံကြီးရပ်ကွက်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ သာယာဝတီခရိုင်ဦးစီးမှူး၊ ဒေါ်ခိုင်ခိုင်ရီ(ဦးစီးမှူး)၊ ဒေါ်ခင်ခင်ခ(ဦးစီးမှူး)နှင့် တာဝန်ရှိသူတို့သည် ၂၀၂၄ခုနှစ် ဇူလိုင်လ၈ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် သာယာဝတီမြို့၊ ဈေးရုံကြီးရပ်ကွက်၊ ဘောလုံးကွင်းလမ်းအတွင်းရှိ ရပ်ကွက်နေပြည်သူများ သိသင့်သိထိုက်သည့်ဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ဒေါ်ခိုင်ခိုင်ရီ(ဦးစီးမှူး)မှ စားသုံးသူအခွင့်အရေးများနှင့် တာဝန် များ၊ စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီးပုံများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ စသည်တို့ကို ဦးစွာစစ်ဆေးဖတ်ရှု၍ ဝယ်ယူသုံးစွဲသင့်ပါကြောင်း အကျယ်တဝင့်ပြောကြားပြီး စားသုံးသူများ နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများအား ရှင်းလင်းဆွေးနွေးကာ အသိပညာပေး ဟောပြောခဲ့ပါသည်။

     ဟောပြောပွဲတွင် ဈေးရုံကြီးရပ်ကွက်အတွင်းရှိ စားသုံးသူပြည်သူများ (၉၃) ဦး တက်ရောက်ကြောင်းနှင့် အဆိုပါဟောပြောပွဲအား နေ့လယ်(၁၄:၂၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)