Main menu

သာယာဝတီမြို့ပေါ်ရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင်ဦးစီးမှူး၊ ဒေါ်ခင်ခင်ထိုက် (ဦးစီးမှူး)၊ ဒေါ်ခိုင်ခိုင်ရီ(ဦးစီးမှူး)နှင့် တာဝန်ရှိသူတို့သည် ၂၀၂၄ခုနှစ် ဇူလိုင်လ ၈ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သာယာဝတီမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများ မြင်သာသောနေရာတွင် မြင်သာသည့်စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီလက်လီလက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)