Main menu

ဟင်္သာတမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း

Powered by Drupal

     (၁.၇.၂၀၂၄)ရက်နေ့၊နေ့လယ်(၁၃:၀၀) အချိန်တွင်  ဟင်္သာတမြို့ ၊  တာငါးဆယ်(မ) ရပ်ကွက်၊ ဈေးကလေးလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် ဟင်္သာတမြို့ပေါ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဆန်ရောင်းချမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါသည်။  

    ပထမဦးစွာ ခရိုင်ဦးစိးမှူး ဦးဇော်မင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို  ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရှင်းလင်းဆွေးနွေးပါသည်။ ဧည့်မထ(၁၅%) ဆန်တစ် ပြည်လျှင် ၃၀၀၀ ကျပ်၊‌ ပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ ကျပ် ဖြင့်ဆန်ဆိုင်များတွင် ရောင်းချနိုင်ရေး တို့ကိုလည်း အသိပေးဆွေးနွေးပါသည်။ ဟင်္သာတမြို့နယ် ဆန်စက်ပိုင်ရှင်အသင်း ဥက္ကဌကလည်း သိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆန်စက်လုပ်ငန်းရှင် (၂၂)ဦးတက်ရောက်ပြီး နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)