Main menu

မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ဆန်/စပါးသိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   (၈.၇.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများအား Myanmar Rice Online (MyRo) တွင် မှတ်ပုံတင်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်သိုလှောင်ရုံ (၁၆) ရုံအား စစ်ဆေးခဲ့ပြီး သိုလှောင်ရုံအတိုင်းအတာ၊ အမိုး၊ အကာ၊ အခင်း၊ သိုလှောင်ရုံဝင်ဆန့်နိုင်မှုအခြေအနေများ၊ လက်ရှိသိုလှောင်ထားမှု အခြေအနေများအား စစ်ဆေးခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့နယ် တာဝန်ခံက ဆန်သိုလှောင်ရုံပိုင်ရှင်များအား MyRo တွင် မှတ်ပုံတင်ပြီးလျှင် ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန် လချုပ် Update တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)