Main menu

သံဖြူဇရပ်မြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Powered by Drupal

      (၃.၇.၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ အေးဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

      ထိုသို့တွေ့ဆုံရာတွင် သံဖြူဇရပ်မြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား ဆန်ကြိတ်ခွဲနိုင်မှု၊ ကုန်ကြမ်းဝယ်ယူစုဆောင်းမှု၊ ဖြန့်ဖြူးမှု၊ လုပ်သားအခြေအနေများအား ဆွေးနွေး မေးမြန်းရာ လုပ်ငန်းရှင်က ကုန်ကြမ်းများကို မွန်ပြည်နယ်ဒေသတွင်းမှ ဝယ်ယူရရှိကြောင်း၊ ဒေသဆန်များကို အများဆုံးကြိတ်ခွဲကြောင်း၊ တစ်နေ့လျှင် စက်လည်ပတ်ချိန် (၆) ခန့်သာ လည်ပတ်ကြောင်း၊ ဆန်များကို သံဖြူဇရပ်မြို့ပေါ်၌ ဖြန့်ဖြူးရောင်းချကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ သံဖြူဇရပ်မြို့နယ် တာဝန်ခံက ဆန်စက်ပိုင်ရှင်အား ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအနေဖြင့် ဆန်တန်ချိန် (၅၀) နှင့် အထက်ဖြစ်ပါက Myanmar Rice Online (MyRo) တွင်မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ MyRo တွင် မှတ်ပုံတင်ပြီးလျှင် ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန် လချုပ် Update တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)