Main menu

မော်လမြိုင်မြို့ပေါ်ရှိ ဆန်ဆိုင်များတွင် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၈.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းစိစစ်ရေးအဖွဲ့နှင့်အတူ မော်လမြိုင်မြို့ပေါ်ရှိ ဆန်ဆိုင်များတွင် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်လမြိုင်မြို့ပေါ်ရှိ ဆန်လက်လီ၊ လက်ကားရောင်းချလျက်ရှိသော ဆန်ဆိုင်များတွင် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှသတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း၊ ဆိုင်ရှင်များအား ပြည်သူများသို့ ဆန်များ ရောင်းချရာတွင် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မပြုရန်၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)