Main menu

ပြည်နယ်ဦးစီးမှူးသည် ဆန်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    ၅.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ဆန်ကုန်သည်များနှင့် တွေ့ဆုံ၍ ဆန်များအား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက ဆန်ကုန်သည်များအား စားသုံးသူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF မှသတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း လိုက်နာရောင်းချကြရန်နှင့် ကွာဟမှုမရှိသည့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)