စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် စားအုန်းဆီများကို စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန် မကွေးတိုင်းဒေသကြီးသို့ ခွဲဝေချထားပေးသည့် စားအုန်းဆီများအနက် မကွေးခရိုင်အတွက်ခွဲဝေရရှိသည့် စားအုန်းဆီများကို စည်ပင်သာယာဈေးများ၊ ကျေးရွာများနှင့် ရပ်ကွက်ဆင်ခြေဖုံးများသို့ ကားဖြင့်လှည့်လည်ရောင်းချပေးလျှက်ရှိရာ (၁၃.၃.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀)နာရီမှ (၁၆:၃၀)အထိ မကွေးမြို့နယ် သပြေစမ်းကျေးရွာအုပ်စုရှိ သပြေစမ်းတောင်ရွာ၊ မြောက်ရွာနှင့် အလယ်ရွာရှိ အိမ်ထောင်စု(၁၀၁၄)စုတို့အား တစ်အိမ်ထောင်လျှင် စားအုန်းဆီ(၂)ပိဿာခွဲတမ်းဖြင့် တစ်ပိဿာလျှင်(၄၉၀၀)ကျပ်နှုန်းနှင့် ကျေးရွာပြည်သူများသက်သာချောင်ချိရေးအတွက် စားအုန်းဆီပိဿာ(၁၃၀၀)ပိဿာရောင်းချပေးမှုအား စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းဦးဆောင်သော ခရိုင်ဝန်ထမ်းများသည် မကွေးတိုင်းဒေသကြီး ဆီကုန်သည်များအသင်း အလုပ်အမှုဆောင်များနှင့်အတူ ကျေးရွာအရောက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး စားအုန်းဆီဈေးနှုန်းများ မှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ခွဲဝေရရှိသည့် ခွဲတမ်းများအတိုင်း ပြည့်မီမှန်ကန်စွာ ရောင်းချရေး နေ့စဉ်ရောင်းချမှုစာရင်းနှင့် ဓါတ်ပုံမှတ်တမ်းများအား အချိန်နှင့်တပြေးညီနေ့စဉ်တင်ပြပေးရန်အသိပညာပေးဆွေးနွေးခဲ့ပြီး ကျေးရွာနေပြည်သူများအားလည်း စားအုန်းဆီဝယ်ယူရန် တန်းစီနေစဉ် ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူစားသုံးတတ်စေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး ဆီကုန်သည် ဆီလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူပြည်သူများ သက်သာချောင်ချီရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်း ပူးပေါင်းဆောင်ရွက်ပြီး ကျေးရွာအရောက်ကွင်းဆင်းရောင်းချပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
DOCA(မကွေး)