Main menu

သံဖြူဇရပ်မြို့နယ်တာဝန်ခံမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

     ၉.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံသည် စက်စဲကျေးရွာရှိ ရွှေငါးအမှတ်တံဆိပ် သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သံဖြူဇရပ်မြို့နယ်တာဝန်ခံက သဘာဝမြေဩဇာ ထုတ်လုပ်မှု၊ ကုန်ကြမ်းပါဝင်မှု၊ ဖြန့်ဖြူးမှု၊ လုပ်သားအင်အားနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်း ရာလုပ်ငန်းရှင်က ကုန်ကြမ်းအနေဖြင့် နွားချေး၊ မြေဆွေး၊ ငါးမှုန့်တို့ကို သမအောင်ရောစပ်၍ ထုတ်လုပ်ကြောင်း၊ ယခင်က တစ်နေ့လျှင်အိတ်ရေ (၅၀-၆၀) ခန့်ထုတ်လုပ်ခဲ့သော်လည်း ယခုအခါ လမ်းပန်းဆက်သွယ်ရေးအခြေအနေ၊ ဈေးကွက်အခြေအနေတို့ကြောင့် တစ်နေ့လျှင် အိတ်ရေ (၂၀)ခန့်သာ ထုတ်လုပ်ကြောင်း၊ ဖြန့်ဖြူးမှုအနေဖြင့် ယခင်က ရေး၊ ထားဝယ်၊ ပဲခူး၊ သာယာဝတီသို့ တင်ပို့ရောင်းချကြောင်း၊ ယခုအခါဒေသအတွင်း၌သာ ဖြန့်ဖြူးရောင်းချကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် (၁၈၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးမှုအနေဖြင့် လုပ်သား (၆) ဦးအား အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

DOCA(မွန်)