Main menu

သံဖြူဇရပ်မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ၉.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ သံဖြူဇရပ်မြို့နယ်၊ မြို့မဈေး၌ အသင့်စားမုန်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိသည်ကို စစ်ဆေးတွေ့ရှိရ‌ကြောင်း သိရှိရပါသည်။

DOCA(မွန်)