Main menu

ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက်(၂)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၈.၇.၂၀၂၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက် (၂)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။  

     အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါပြဌာန်းချက်ဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူရာ တွင် သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် သို့မဟုတ် ဖုန်းဖြင့်ဖြစ်စေ၊ www.doca.gov.mm website မှ ဖြစ်စေ၊ DOCA Myanmar Mobile Application ဖြင့် ဖြစ်စေ၊ Consumer Call Center 1535 ကို ခေါ်ဆို၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့်  တိုင်ကြားမှုများအပေါ်ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)