Main menu

ရေနံချောင်းမြို့နယ်၌ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

     မကွေးတိုင်းဒေသကြီးအစိုးရဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကြီးကြပ်ကာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းပြီး (၅.၇.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ရေနံချောင်းမြို့ရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးခဲ့ကြောင်း သိရသည်။

     ထိုသို့ရောင်းချရာတွင် ဆန်စျေးကွက်အတွင်း စျေးနှုန်းတည်ငြိမ်စေရန်နှင့် ပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက် ရှစ် မျက်နှာဘုရားတန်းဆောင်းတွင် ဆန်တစ်ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ပြည်သူတစ်ဦးလျှင် တစ်ပြည်ရောင်းချပေးခဲ့ရာ စုစုပေါင်း ဆန်အိတ် (၁၀)လုံး ရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)