Main menu

ပဲခူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့ အနေဖြင့် (၉.၇.၂၀၂၄) ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီတွင် ပဲခူးမြို့နယ်အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန် သိုလှောင်ရုံများအနေဖြင့် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရန်နှင့် အလေးချိန် ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များ သိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူ ရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေး ဆွေးနွေးကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)