Main menu

ဘိုကလေးမြို့နယ်ရှိ စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့၊နေ့လယ်(၁၄:၀၀) နာရီအချိန်တွင်  စားသုံးဆီဖြန့်ဖြူးရောင်းချသူ  လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် ခရိုင်ဦးစီးမှူးက ပြည်တွင်းမှ တရားဝင်ထုတ်လုပ်ထားသောပုံးဆီများအား ရောင်းမည်ဆိုပါက မည်သည့်ဆီအမျိုးအစား ရောင်းချမည်ဖြစ်သည်ကို စားသုံးသူရေးရာဦးစီးဌာနသို့ စာရင်းတင်ပြထားရန်လိုကြောင်း၊ (ဥပမာ-ငါးနှစ်ကောင်နှင့်ယုဇနဆီ)  စားသုံးသူပြည်သူများလက်ဝယ်ရရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာ၊ ဌာနဆိုင်ရာများကိုလည်း  သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးရန် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံမှ  စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈) ပုဒ်မ(၄၂)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် စပ်လျဉ်းပြီး အမျိုးအစား၊ အမျိုးအမည်၊ အလေးချိန်၊ သက်တမ်းကုန်ဆုံးရက်၊ ထုတ်လုပ်ရက်စွဲနှင့်   FDA ထောက်ခံချက်များပါဝင်သည့် ဆီများကိုသာရောင်းချရန်၊ ပုဒ်မ(၄၃)အရမြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းအသိပညာပေး  ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)