Main menu

ဘိုကလေးမြို့သာပေါင်းကျေးရွာရှိ “သုခဗလ”ဆန်စက်သို့ ကွင်းဆင်းခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်  ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့   သာပေါင်းကျေးရွာရှိ “သုခဗလ”ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs ဖွံ့ဖြိုးရေးအတွက်  ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် ဆန် စပါးဈေးနှုန်း/ ဈေးကွက်အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ ၊ အချိန်အတွယ်မှန်ကန်စေရေး၊ လုပ်ငန်း၏အခက်အခဲအတွေ့အကြုံများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်  ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးအရည်အသွေး ထုတ်လုပ်မှုပြည့်မီစေရေး၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSMEs လုပ်ငန်းနှင့်ပတ်သက်၍ ခေတ်မီစက်ကြီးများနှင့်  လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထိုသို့ထုတ်လုပ်နိုင်ခြင်းကြောင့်  ဆန်စက်ရှိအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်တော့ဘဲ စားဝတ်နေရေးပြေလည်ကြောင်းနှင့်   ဆန်ကြိတ်ခွဲရာမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍လည်း စနစ်တကျစွန့်ပစ်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)