Main menu

ကျောက်တံခါးမြို့ စာတိုက်ကျောင်း(မူလွန်ကျောင်း)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၉.၇.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ‌ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါမြို့၊ ကွင်းမြောက်ရပ်ကွက်ရှိ စာတိုက်ကျောင်း(မူလွန်ကျောင်း)တွင် ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့်ဗဟုသုတများ သိရှိနိုင်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် ဒေါ်ဇင်မာထွေး(ဒု-ဦးစီးမှူး)မှ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူများကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန် အရေးကြီးပုံများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားများတွင် ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု၊ အညွှန်း၊ သုံးစွဲပုံနည်းလမ်းများ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်အသိပေးချက်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ စသည်တို့ကို ဦးစွာစစ်ဆေးဖတ်ရှု၍ ဝယ်ယူသုံးစွဲသင့်ပါကြောင်း အကျယ်တဝင့် ပြောကြားပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့် နည်းလမ်း များအား ရှင်းလင်းဆွေးနွေးကာ အသိပညာပေး ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲတွင် ဆရာ/ဆရာမများ(၁၉)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၃၀၉)ဦး  တက်ရောက်ကြောင်းနှင့် အဆိုပါဟောပြောပွဲအား(၁၁:၄၅)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ပဲခူး)