Main menu

ညောင်ရွှေမြို့ပေါ်ရှိ ဆန်စက်များအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၉-၇-၂၀၂၄ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ပါဝင်သော ပူးပေါင်း အဖွဲ့များဖြင့် ညောင်ရွှေမြို့ပေါ်ရှိ ဆန်စက်(၇)စက်တို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆန်စက်များအနေဖြင့် မြန်မာနိုင်ငံဆန် စပါးအသင်း ချုပ်မှ ထုတ်ပြန်ထားသော သင့်တင့်မျှတသည့်ဈေးကွက်ဈေးနှုန်း Reasonable Market Priceအပေါ် သယ်ယူပို့ဆောင်ခနှင့် အထွေထွေကုန်ကျစရိတ်ထည့်ပေါင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ၊ စပါးတင်း(၅၀၀၀)နှင့်အထက် သိုလှောင်ထားခြင်းရှိ/မရှိနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့ကို စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ဆန်စက်များအနေဖြင့်ဆန်တန်ချိန် (၅၀)၊ စပါးတင်း(၅၀၀၀)နှင့်အထက် သိုလှောင်နိုင်သည့် သိုလှောင်ရုံများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင်(MyRO)စနစ်ဖြင့် မှတ်ပုံတင်ရေးနှင့် ကြိတ်ခွဲ ထွက်ရှိသည့် ဆန်များကို သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်သာ ရောင်းချရန်နှင့် သက်မှတ်ရည်ညွှန်း ဈေးထက် အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန် စသည်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)