Main menu

ထားဝယ်မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့  နံနက် ၀၉း၃၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

         အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူအသုံးပြုနိုင်စေရေးအတွက် ဈေးကွက်အတွင်းရောင်းချနေသော အလှကုန်ပစ္စည်းများတွင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ဓာတုပစ္စည်းများ ပါဝင်သဖြင့် သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ကြေညာထားသော အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်အလှကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)