Main menu

ကြံခင်းမြို့နယ် ဆန်ဆိုင်လုပ်ငန်းရှင်များနှင့် အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၅.၇.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ သစ်ဆိမ့်ကိုင်းကျေးရွာအုပ်စု၊ ဆည်ဦးဓမ္မာရုံ၌ ဆန်ဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူးရောင်းချနိုင် ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရှင်းလင်းဆွေးနွေးပါသည်။ဧည့်မထ(၁၅%) ဆန်တစ် ပြည်လျှင် ၃၀၀၀ ကျပ်၊‌ ပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ ကျပ် ဖြင့်ဆန်ဆိုင်များတွင် ရောင်းချနိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာ ထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူ များ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ် အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စသည့်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)