Main menu

ဒေးဒရဲမြို့ ဇင်ကိုကိုမောင်ဆန်စက်သို့ ကွင်းဆင်းခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ဇူလိုင်လ()ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ ဇင်ကိုကိုမောင်ဆန်စက်သို့ ဆန်စပါးဈေးနှုန်း၊ ဈေးကွက်အခြေအနေများတည်ငြိမ်မှု ရှိ / မရှိ၊ လုပ်ငန်းရှင်၏ အခက်အခဲနှင့် အတွေ့အကြုံများ၊ကုန်သွယ်မှု့လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါဆွေးနွေးရာတွင်မြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်အား Gasifier များ စနစ်တကျထားရှိစေပြီး စက်ရုံဝန်းအတွင်းဆန်စပါးသိုလှောင်မှု အခြေအနေများ၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု့ရှိစေရေးတို့အတွက် ဆန်စက်တွင် ခေတ်မီစက်ယူနစ်များ တပ်ဆင်အသုံးပြုမှုရှိစေရေး၊ ဆန်စပါးသိုလှောင်သည့်သိုလှောင်ရုံများ သန့်ရှင်းသပ်ရပ်စွာထားရှိရန်လိုအပ်ကြောင်း လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ  ပါသည်။

DOCA(ဧရာဝတီ)