Main menu

ဖျာပုံမြို့ အ.လ.က(၂) ကျောင်းတွင် စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း တို့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( ၅ ) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ဖျာပုံမြို့ အ.လ.က ( ၂ ) ကျောင်း၌ ဆရာ/ဆရာမ  ( ၄ ) ဦးနှင့် ကျောင်းသား/သူ ( ၂၂၇ ) ဦးတို့အား မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်ဖွင့်ဆို ချက်နှင့်  အစားအသောက်များ ဝယ်ယူရာတွင် ကုန်အညွန်းအမှတ်အသားများကို  သေချာစွာစိစစ် ပြီးဝယ်ယူကြရန် ၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၄၃) ပါ ကုန်အညွန်းအမှတ်အသားများအား အကျယ်တဝင့်  ရှင်းလင်းဟောပြောကာ စားသုံးသူအနေဖြင့်  နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်ထားရှိပြီး call center  (1535) သို့ ခေါ်ဆို တိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ ကျောင်းစာကြည့်တိုက်တွင် ထားရှိလေ့လာ နိုင်ရန်  “စားသုံးသူကာကွယ်ရေးစာအုပ် နှင့် လက်ကမ်းစာစောင်” များကို ကျောင်းအုပ်ဆရာမကြီး အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)