Main menu

ဘိုကလေးမြို့ (၈)ရပ်ကွက်ရှိ “မေ့မေ့သား”ဆန်စက်လုပ်ငန်းသို့ကွင်းဆင်းခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့(၈)ရပ်ကွက်ရှိ “မေ့မေ့သား” ဆန်စက်သို့ သွားရောက်၍ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဆန် / စပါး ဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ၊ တည်ငြိမ်မှု ရှိ/မရှိ၊ လုပ်ငန်း၏အခက်အခဲအတွေ့အကြုံများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်ကုန်သွယ်မှုလုပ်ငန်း  များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးအရည်အသွေး၊ ထုတ်လုပ်မှုပြည့်မီစေရေး၊အချိန်အတွယ်နှင့်  ပတ်သက်၍လည်း သတ်မှတ်ထားသည့်နှုန်းအတိုင်းပြည့်မီစေရေး၊ ဆန်စက်ရှိသိုလှောင်ရုံများအား မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEs လုပ်ငန်းနှင့်ပတ်သက်၍ ခေတ်မီစက်ကြီးများနှင့်လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထိုသို့ထုတ်လုပ် နိုင်ခြင်းကြောင့် ဆန်စက်ရှိအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်တော့ဘဲ စားဝတ်နေရေးပြေလည်ကြောင်းနှင့် ဆန်ကြိတ်ခွဲရာမှထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများနှင့်ပတ်သတ်၍လည်း စနစ်တကျ စွန့်ပစ်ကြရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)