![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/16.11_3.jpg?itok=oygB7QIP)
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၀.၇.၂၀၂၄ ရက်နေ့တွင် အင်းစိန်ခရိုင်ရှိ ဆေးဆိုင်များ၊ ရွှေပြည်သာမြို့နယ်ရှိ ဆေးဆိုင်များ၊ လှည်းကူးမြို့မဈေးအတွင်းရှိ ဆေးဆိုင်များ၊ မှော်ဘီခရိုင် မှော်ဘီမြို့မဈေးအတွင်းရှိ ဆေးဆိုင်များနှင့် တိုက်ကြီးခရိုင် တိုက်ကြီးမြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့လည်းကောင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ဈေးကွက်များအတွင်း ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိကို မြောက်ပိုင်းခရိုင်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)