Main menu

ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်အတွင်းရှိ ဆေးဆိုင်များ၌ ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေးဝါးများ ပြတ်လပ်ခြင်းရှိ/မရှိစစ်ဆေးခြင်း

Powered by Drupal

     အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ လက်တလောကာလတွင် ဖြစ်ပေါ် လာသော ဝမ်းပျက်ဝမ်းလျောရောဂါနှင့် ပတ်သက်ပြီး ဈေးကွက်အတွင်း ဆေးဆိုင် များတွင် ဆေးများရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်ခြင်းရှိ/မရှိကို  စားသုံးသူရေး ရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် ၁၀.၇.၂၀၂၄ ရက်နေ့နှင့် ၁၁.၇.၂၀၂၄ ရက်နေ့တို့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ ရွှေအိုးဆေးဆိုင်နှင့် သစ်ခွဆေးဆိုင်၊သာကေတမြို့နယ်၊ (၇)ဈေးရှေ့ရှိ သစ်ခွဆေးဆိုင်နှင့် ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့ဈေးရှိ ဆိုင်အမှတ်(၄၄)ဆေးဆိုင်တို့အား သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များ ဈေးနှုန်းတည်ငြိမ်ရေးနှင့်ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးကို အလေးထား ဆောင်ရွက်လျက်ရှိရာ ဈေးကွက်များအတွင်း ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိကို ၎င်းဆေးဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)