Main menu

ညောင်ဦးမြို့နယ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)သည် ညောင်ဦးမြို့နယ်ရှိ ဆေးနှင့်ဆေး ပစ္စည်းအရောင်းဆိုင်များအား (၉.၇.၂၀၂၄)ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ညောင်ဦးခရိုင်/ မြို့နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ တရားမဝင်ဆေးဝါး များရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး၊ ဆေးဝါးများကို စနစ် တကျထားသိုသိမ်းဆည်းမှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါပူးပေါင်းအဖွဲ့တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ပူးပေါင်းအဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ ဈေး ကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စံမညီသောဆေးဝါးများနှင့်စားသုံးသူများကို ထိခိုက် နစ်နာ စေသော အရည်အသွေးနိမ့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ရောင်းချမှုရှိ/မရှိ၊ သက်ဆိုင်ရာ ဌာန ထောက်ခံချက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းမရှိသော ဆေးဝါးများရောင်းချ မှုရှိ/ မရှိနှင့် သက်တမ်း လွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိတို့အား စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ဆေးဆိုင်တာဝန်ရှိသူများသိရှိလိုက်နာရမည့် ဌာန အလိုက်ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို အသိပညာပေး၍ အမိန့်၊ ညွှန်ကြား ချက်များနှင့် ဥပဒေပါ ပြဌာန်းချက် များကို လိုက်နာမှုမရှိပါက ဥပဒေများနှင့်အညီ အရေးယူခံရမည် ဖြစ်ပါကြောင်း ရှင်းလင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

DOCA(မန္တလေး)