Main menu

မိတ္ထီလာမြို့၌ ဆေးဝါးဖူလုံမှုရှိ/မရှိ ဆေးဝါးဆိုင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

          ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂)ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးတွင် ဆေးဆိုင် ပိုင်ရှင်များနှင့် တွေ့ဆုံ၍  ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ သိရှိနိုင်ရေး ဖိတ်ကြားဆွေးနွေးခဲ့ ကြောင်း သိရပါသည်။

         ဆွေးနွေးပွဲတွင် စားသုံသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဌာနအနေနှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးကို ဆောင်ရွက်နေရာ ဈေးကွက်၌ ဆေးဝါးများလုံလောက်မှု ရှိ/မရှိ နှင့်လျော့နည်းမှု ရှိ/မရှိသိရှိလိုသဖြင့် ဖိတ်ကြားဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဆေးဝါးပြတ်လပ်မှုနှင့် ဈေး နှုန်းတို့မှာ ဆေးနှင့်ဆေးပစ္စည်းလက်လီ အရောင်းဆိုင်များက သိရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက်ရောက်လာသော ဆေးဝါလက်လီဆိုင်များက မိမိတို့ဆိုင်အလိုက် ပြတ်လပ်နေသော ဆေးအမည်၊ တင်သွင်းသည့်ကုမ္ပဏီအမည်စာရင်းပေးနိုင်ရေး၊ ဌာနမှ ကောက်ယူနေသော ဆေးနှင့် ဆေးပစ္စည်း ဈေးနှုန်း လက်ကျန်အခြေအနေများ မှန်မှန်ကန်ကန်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့ပါသည်။

        အဆိုပါ ဆွေးနွေးပွဲသို့ မိတ္ထီလာမြို့ပေါ် ဆေးနှင့်ဆေးပစ္စည်း လက်လီ/လက်ကားဆိုင်တို့မှ ဆိုင်ပိုင်ရှင်များ ကိုယ်စားလှယ်များမှ မိမိတို့ဆေးဆိုင်တွင် ပြတ်လပ်နေသော ဆေးအမည်စာရင်းများနှင့် ပေးပို့ခြင်းမရှိ သော ကုမ္ပဏီများစာရင်းအား အသေးစိတ်တင်ပြပေးခဲ့ပြီး ဌာနမှ ရုံးချုပ်သို့အဆင့်ဆင့် တင်ပြအစီရင်ခံ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)