၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၁၁) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် သာစည်မြို့နယ် ဈေးခေါင်းကြီးရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဈေးသူဈေးသား စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူဖြူထွန်း၊ အကြီးတန်းစာရေးမှ စားသုံးသူ ကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူ အခွင့်အရေး (၈) ချက်၊ တာဝန်(၄) ချက်၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့်အကြောင်း အရာများနှင့် စားသုံးသူများဖြစ်သည့်အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံး မှုများရှိခဲ့လာပါက တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးမှားတွင် တိုင်ကြားနိုင်ပါကြောင်း၊ DOCA Myanmar Application နှင့်စားသုံးသူရေးရာ ဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်း ၊ Consumer Call Center နံပါတ် (၁၅၃၅) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကို တိုင်ကြားနိုင်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး နံနက်(၁၁:၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)