Leave a message

Main menu

ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်များနှင့် Mini Mart များအား စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၂ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ရုံးချုပ်၊ နေပြည်တော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများအရ ဒေသတွင်း စားသုံးသူပြည်သူများ စားဆန်များအား သင့်တင့်မျှတသောစျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆန်လက်လီ/လက်ကားရောင်းချသည့် ဆန်ဆိုင်ကြီးများ၊ Mini Mart များ၊ Center များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့များဖြင့်ပူးပေါင်း၍  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒေသတွင်း ဆန်လက်လီ/လက်ကား အရောင်းဆိုင်ကြီး ဖွင့်လှစ်ရောင်းချနေမှုအခြေအနေများ၊ ဆန်အမျိုးအစားအလိုက် ဒေသတွင်း သင့်တင့်မျှတသော ‌စျေးနှုန်းများဖြင့် ရောင်းချနေမှု များရှိ/မရှိ စစ်ဆေးခြင်း၊ Mini Mart များ၊ Center များတွင် Consumer Packaging များဖြင့် Modern Trade ရောင်းချနေမှုများအား သတ်မှတ်ထုတ်ပြန်ထား သည့် သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှုများရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

a