Main menu

ဆီရောင်းချသော လက်လီ/လက်ကား လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မိတ်ဖက်ဌာနမှ တာဝန်ရှိသူများနှင့် အတူ စားသုံးဆီ ရောင်းချသူ လုပ်ငန်းရှင်(၂၀)ဦးအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် စားသုံးသူအခွင့်အရေး  အသိပညာပေး ဟောပြောဆွေးနွေးပွဲကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောမှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က ဆန်လက်လီ/ လက်ကားရောင်းချသော ညောင်တုန်းဆန်ဆိုင်လုပ်ငန်းရှင်များကို ဟောပြောဆွေးနွေးရာ စားသုံးသူပြည်သူများ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများအား ဝယ်ယူသုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်မှ ဆီတင်သွင်းသို‌လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ဖွဲ့စည်း၍ သတ်မှတ်ရည်ညွှန်းဈေး ထုတ်ပြန်၍ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စားသုံးဆီတင်ပို့ ရောင်းချသောလုပ်ငန်းရှင် ကိုယ်စားလှယ်များမှတဆင့် ရောင်းချပေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်၏စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားအုန်းဆီလက်လီလက်ကား ရောင်းချသူများအနေဖြင့် အပတ်စဉ်ထုတ်ပြန်ပေးသည့် လက်ကားရည်ညွှန်းဈေးအပေါ် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်ရောင်းချသွားရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံလမ်းညွှန်မှုခံယူပြီး ဆောင်ရွက်သွားရန် လမ်းညွှန်မှုရှိပါသဖြင့် မှန်မှန်ကန်ကန် အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ လုပ်ငန်းရှင်လိုက်နာဆောင်ရွက်ရန် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။အဆိုပါဟောပြော ဆွေးနွေးပွဲသို့ လုပ်ငန်းရှင် (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)