စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်း ရွှေမြင့်မိုရ် ဆန်စက်သို့သွားရောက်၍ ၉.၇.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများ အသုံးပြုသည့် ဈေးကွက်မရောက်မီ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရမည်ဟု မျှော်မှန်းပြီး ယခုညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာရှိ ရွှေမြင့်မိုရ် ဆန်စက်တွင် စပါးဝယ်ယူကြိတ်ခွဲမှုအခြေအနေနှင့် ကုန်သည်များမှ စပါးလာရောက်ကြိတ်ခွဲမှု လုပ်ငန်းအခြေအနေများ၊ စက်မှကြိတ်ခွဲထွက်ရှိလာသော ဆန်များကို ရန်ကုန်ဘုရင့်နောင် ဆန်ဈေးကွက်သို့ တင်ပို့နိုင်မှုအခြေအနေများကို မေးမြန်းခဲ့ပြီး၊ ဆန်များကိုရောင်းချရာတွင့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန်၊ အရောင်းအဝယ်မှန်စွာ ဖြန့်ဖြူးရောင်းချရန်၊ မိမိစက်မှ အမှတ်တံဆိပ်ဖြင့် ထုတ်ပိုးရောင်းချသော ဆန်အိတ်များရှိပါက ဆန်အိတ်များတွင် ဖော်ပြထားရှိသော မြန်မာဘာသာ ကုန်အညွှန်းအမှတ်အသားမဖြစ်မနေဖော်ပြပါဝင်ရမည့် အချက်အလက်များအကြောင်းကို ဆွေးနွေးခဲ့ကြပြီး ဆန်စက်လည်ပတ်မှု ဆန်စက်အဆင့်မြှင့်တင်ရေးနှင့် ဆန်စက်တွင် Gasifire သုံးစနစ်အခြေအနေများ၊ ဆန်စက်မှ ဆန်စီးဝင်/ စီးထွက်မှုများကို အသေးစိတ်မှတ်တမ်းစာရင်းပြုစုထားရန်၊ အရွဲကျေးရွာရှိ ရွှေမြင့်မိုရ်ဆန်စက်သိုလှောင်ရုံ မှတ်ပုံတင်ပြီးကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်စက်လုပ်ငန်းရှင်ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)