Main menu

လယ်ယာမြေသုံး ဓါတ်မြေဩဇာရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန မအူပင်၊ ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် မိတ်ဖက်ဌာနမှ တာဝန်ရှိသူများနှင့် အတူ ဓါတ်မြေဩဇာ ရောင်းချသူ လုပ်ငန်းရှင်(၃၀)ဦးအား ဖိတ်ကြား၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါဟောပြောမှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင်က ညောင်တုန်းမြို့နယ် ဓါတ်မြေဩဇာရောင်းချသူလုပ်ငန်းရှင်များကို အသိပညာပေးဟောပြောရာ မိမိတို့နိုင်ငံသည် အခြေခံရှိပြီးသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို ခေတ်မီနည်းပညာများ အသုံးပြုပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်သွင်းအားစုတစ်ခုဖြစ်သော ဓါတ်မြေဩဇာများ ဖူလုံစွာသုံးစွဲနိုင် ရေးအတွက် သက်သာသောနှုန်းထားဖြစ်စေရေးကို အစိုးရနှင့်ပုဂ္ဂလိက လက်တွဲပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသအလိုက် မြေဆီအရည်အသွေးများကို စနစ်တကျ စစ်ဆေးဖော်ထုတ်ပြီး မြေဆီလွှာဖွံ့ဖြိုးရေးဆောင်ရွက်ရန်၊ သီးနှံနှင့် ဒေသရေမြေ လိုအပ်ချက်များနှင့် ညီညွတ်မျှတသော သွင်းအားစုအသုံးပြုမှုဖြစ်စေရန် တောင်သူပညာပေး လုပ်ငန်းများအပြင် လက်လီလက္ကား ရောင်းချသူများအတွက် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးရန်လို အပ်သည့်အတွက် ဓါတ်မြေဩဇာ ရောင်ချသည့် လုပ်ငန်းရှင်များအနေဖြင့် ဓာတ်မြေဩဇာ ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချရန် ကုမ္ပဏီများကို ညွှန်ကြားထားပြီး ရောင်းချခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) မှ အသိပေးထုတ်ပြန်ထားသည်။ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်သော ကုန်စည်ကို လုပ်ငန်းရှင်များက ရောင်းချရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုချက်၊ ထောက်ခံချက်မပါရှိသော တရားမဝင် ကုန်စည်များကို ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရှင်တို့ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်သဖြင့် ထိရောက်စွာအရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်းကို အသိပေးပြောကြားပြီး တက်ရောက်လာသူလုပ်ငန်းရှင်များက သိလိုသည်များမေးမြန်းကြကာ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)