Main menu

တောင်ငူမြို့ရှိ စားသုံးဆီပွဲရုံများနှင့် မြို့မဈေးကြီးတို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့်အဖွဲ့သည် မတ်လ ၇ ရက်နေ့တွင် တောင်ငူမြို့ပေါ်ရှိ စားသုံးဆီပွဲရုံများသို့ သွားရောက်၍ စားသုံးသူ စိတ်ကျေနပ်မှု ရှိစေရေး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ပြီး ပွဲရုံများအတွင်း သိုလှောင်၊ ဖြန့်ဖြူးရောင်းချနေသော အမှတ်တံဆိပ်ပါ စားသုံးဆီဘူးများတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

       ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် တောင်ငူမြို့ မြို့မဈေးကြီးအတွင်း ရောင်းချလျှက် ရှိသော စားသုံးဆီများနှင့် အသင့်ဖျော်လက်ဖက်ရည်နှင့်ကော်ဖီထုပ်များတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)