Main menu

တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ စက်ရုံများနှင့် ကေတုမတီဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းဇော် နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် မတ်လ ၈ ရက်နေ့တွင် တောင်ငူမြို့နယ် ကေတုမတီမြို့ရှိ ရွှေဝါး ဝါးတူစက်ရုံ၊ ကင်းဂါးဒင်းအထည်ချုပ်စက်ရုံနှင့် ဆင်ဖြူတော် မုန့်ဖတ်ခြောက်လုပ်ငန်းများသို့ သွားရောက်၍ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အညီလိုက်နာဆောင်ရွက်ရေး၊ စားသုံးသူ စိတ်ကျေနပ်မှုရှိစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဆွေးနွေးပြီး စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာခဲ့ပါသည်။

          ဆက်လက်၍ ခရိုင်ရုံးဌာနခွဲတာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့သည် ကေတုမတီဈေးအတွင်း ရောင်းချနေသော မုန့်ဟင်းခါးခြောက်များ၊ အသင့်ဖျော် လက်ဖက်ရည်နှင့် ကော်ဖီထုပ်များတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)